ကုက္ကိုပင်အောက် ဖြတ်လျှောက်ခဲ့တဲ့နှစ်များ
ကျောင်းပြီးလည်းဘာမှလုပ်စားလို့ရမှာမဟုတ်ပါဘူး။ဘာညာပေါ့။ဒီလို စကားတွေကြောင့် ကျနော်ဟာ ပရိုဂရမ်မာတယောက်ဖြစ်အောင်လုပ်မယ်လို့ ကျောင်းသားဘ၀ထဲက စိတ်ရှိခဲ့ပါတယ်။ကွန်ပျူတာရှေ့ထိုင်ပြီး
ခေါင်းစားရတာလောက်အရသာရှိတာမရှိပါဘူး။အထူးသဖြင့် err တခုခုတက်လို့ရှင်းရတာတို့။တခုခုကိုစမ်းသပ်ကြည့်ရတာတို့ပေါ့။
err ရှင်းလို့ရသွားတဲ့ အရသာကလည်းကောင်းပါတယ်။ငယ်ငယ်တုန်းက စုံထောက်ဝတ္တုတွေဖတ်ပြီး ရူးခဲ့တာလည်းရှိတော့
err ရှာရတာ အမှုတခုကိုစုံစမ်းနေရသလိုပါပဲ။နောက်ပြီး သိရမယ့်နည်းပညာတွေကလည်းများတယ်။
ဒါချည်းပဲလုပ်နေရတာမျိုးမဟုတ်တော့ ပျင်းစရာလည်းမကောင်းဘူးလို့ထင်တယ်။ကျနော်က အထက်တန်းလောက်အထိ ကွန်ပျူတာဆိုတာမြင်တောင်မမြင်ဖူးပါဘူး။ပထမဆုံးစက်ချိန်ဝင်ရတော့ သူငယ်ချင်းတယောက်က Paint ဖွင့်ပြီးပုံဆွဲပြတာကို
အထူးအဆန်းလုပ်ပြီးငေးကြည့်ခဲ့ရပါတယ်။နောက်အချိန်တွေမှာ C စမ်းတော့ ဆရာမရိုက်ပြတဲ့ Hello World program လေးကိုကြည့်ပြီး ၀မ်းသာခဲ့ရပါတယ်။ဒါနဲ့ First term ပြီးတော့ Basic သင်တန်းကိုအသည်းအသန်သွားတက်။
ပြီးတော့ အိမ်ကိုကွန်ပျူတာဝယ်ပေးဖို့ပူဆာ။အဖေကလည်းရှိတဲ့ပိုက်ဆံလေးနဲ့ စက်ကောင်းကောင်းဝယ်ပေးခဲ့ပါတယ်။
ပထမနှစ်ပြီးသွားတဲ့ အချိန်မှာပေါ့။ကျောင်းပိတ်တုန်း ACE မှာ SE course ကိုတက်ခဲ့ပါတယ်။အဲဒီကဆရာ၊ဆရာမတွေရဲ့အပြောနဲ့
ကျနော်ဟာ programming ရဲ့ မှော်ရုံတောထဲတိုးဝင်မိမှန်းမသိတိုးဝင်သွားခဲ့ပါတယ်။သင်တန်းမှာ Jave တို့ C++ တို့သင်ရပါတယ်။DOS mode သုံးပြီး run ရတာဆိုတော့ အဲဒီ language တွေကိုသိပ်ပြီးမကြိုက်လှပါဘူး။
အဲဒီကတည်းက Windows application တွေရေးလို့ရတယ်ဆိုတဲ့ VB ကိုသင်ချင်နေတာပါ။
ACE မှာလည်းတက်ပြီး၊Basic လည်းတက်ပြီး၊အိမ်မှာလည်းကွန်ပျူတာဝယ်ပြီးဆိုတော့ ကျနော်ရဲ့ ဒုတိယစာသင်နှစ်ဟာ အတောင်တက်ပေးလိုက်တဲ့ကျားလိုပါပဲ။အဲဒီနှစ်မှာ javascript တို့html တို့သင်ရတော့ ကျနော်အရမ်းကြိုက်ခဲ့ပါတယ်။
ကျနော့်ကဗျာတွေနဲ့တောင် စမ်းပြီးတော့site ရေးခဲ့ပါသေးတယ်။စက်ခန်းထဲမှာ ကျနော်က web page တွေစမ်းနေတုန်း ကျနော့်သူငယ်ချင်းက java နဲ့ notepad တောင်ရေးနေပါပြီ။အဲဒီနှစ်က မှတ်မှတ်ရရC++ နဲ့
Tic-Tac-Toe program လေးရေးခဲ့ပါတယ်။
ဒုတိယနှစ်ပြီးတော့ VB သင်တန်းတက်ခဲ့ပါတယ်။သင်တန်းတက်နေတုန်း Tic-Tac-Toe program ကို VB နဲ့ပြန်ရေးပါတယ်။
အဲဒီကဆက်ပြီးလုပ်သွားလိုက်တာ နောက်ပိုင်း API တွေသိတော့အထွတ်အထိပ်ရောက်သွားတယ်လို့ပြောရမှာပါပဲ။
နောက်တော့ .Net ကိုဆက်လေ့လာ။.Net သိတော့ VBကအလကားဖြစ်သွားပြန်ရော။စက်ဘီးကနေ ကားပြောင်းစီးရသလို။
ဒီလိုနဲ့ ၂၀၀၇ မှာကျောင်းပြီးသွားတော့ အလုပ်တွေလျှောက်။သူငယ်ချင်းတယောက်ရတဲ့အထည်ချူပ်စက်ရုံ project ကို သူနဲ့နှစ်ယောက်အတူစရေးဖြစ်ပါတယ်။ပထမဆုံး business application ပေါ့။ကိုယ်သိသလောက်မှတ်သလောက်လေးနဲ့ပဲရေးရတာပေါ့။ကျနော်တို့တတ်နိုင်သလောက်အကောင်းဆုံးလုပ်ဖြစ်ပါတယ်။ငွေရေးကြေးရေးပိုင်းကတော့ နားမလည်းသေးတော့ တော်တော်ကိုနည်းပါတယ်။ရေးဖြစ်သွားဖို့အဓိကထားပါတယ်။သူငယ်ချင်းတွေကတောဲ့ဒီအချိန်မှာအလုပ်ရသွားပါပြီ။ကျနော်ကတော့မရသေးပဲ M3WI မှာ C# နဲ့ Web application သင်တန်းသွားတက်ပါတယ်။
သင်တန်းတက်ရင်း အလုပ်တွေဆက်လျှောက်တော့ MICT ထဲက company တခုမှာ VB programmer အနေနဲ့ အလုပ်ရပါတယ်။၂၀၀၈ မတ်လမှာပေါ့။အဲဒီ companyက Freight Forwarding ရေးတာပါ။တော်တော်စနစ်တကျလုပ်ထားတဲ့ project ပါပဲ။အဲဒီတော့မှ Business Application ဆိုတာ ဒီလိုရေးရတာပါလားဆိုတာ သိပါတယ်။အဲဒီမှာ လုပ်နေတုန်း သူငယ်ချင်းတယောက်ရတဲ့မင်္ဂလာဈေးထဲက ပန်းကန်တွေရောင်းတဲ့ဆိုင်တဆိုင်အတွက် POS prj တခုကို ရေးဖြစ်ပါတယ်။ကျောင်းတုန်းကသူငယ်ချင်း၅ယောက်နဲ့ပါ။ဒီအချိန်မှာ လူလည်းစုံ Knowledge ကလည်းနည်းနည်းရနေပြီဆိုတော့ တော်တော်ကောင်းကောင်းရေးဖြစ်ပါတယ်။