Layer and Tier Architecture

January 6, 2010
Software Application တစ်ခုကို Layer နဲ့ Tier သုံးပြီး ဘယ်လိုတည်ဆောက်မလဲ

Layer နဲ့ Tier ဆိုတဲ့ စကားလုံးတွေဟာ ယနေ့ programming လောက မှာ အသုံးများတဲ့ ဝေါဟာရတွေဖြစ်လာပါပြီ။ ဒီနည်းပညာ တွေဟာ application တစ်ခုကို develop လုပ်မယ့် developer တွေကို သူတို့ရဲ့ လုပ်ဆောင်မှူတွေမှာ အဆင်ပြေလွယ်ကူမှူတွေကို ဆောင်ကြဉ်းပေးလာတာ ကို တွေ့နေရပါတယ်။ဒါကြောင့် ဒီသဘောတရားကို Application Developer တွေ အားလုံးသိသင့်တယ် လို့ ယူဆတဲ့ အတွက် ဒီ Article လေးနဲ့ မျှဝေတာပါ။

Real World Apllication တစ်ခုအတွက် Layer ကော Tier ပါ အသုံးပြုရမယ့်သဘောတရားတွေပဲဖြစ်ပါတယ်။

Software system တစ်ခုကို develope လုပ်မယ်ဆိုရင် code maintenance ပိုင်းဟာ
အရေးကြီးလှတာကြောင့် ဘယ်လို Architectural နဲ့ သွားမယ်ဆိုတာ အစကတည်းက
ကြိုတင်စဉ်းစားရပါတယ်။ တကယ်လို့ သင့် system က အောက်ပါအချက်များနဲ့  ကိုက်ညီနေတယ်ဆိုရင်တော့
 layered architecture style ကို သုံးသင့်ပါတယ်။

• Your application is complex, and you want to mitigate(reduce) that complexity by grouping
functionality into different areas of concern.
(ရှူပ်ထွေးတဲ့စနစ်တွေကို သက်ဆိုင်ရာ လုပ်ငန်းတာဝန်ပေါ်မူတည်ပြီး စုစည်းဖို့လိုတဲ့အခါ)
• You want to improve the maintainability and extensibility of the application, by minimizing
dependencies.
 (class တစ်ခုနဲ့တစ်ခု အလွန်အကျွန်မှီခိုနေတဲ့အခါ၊ တစ်နည်းအားဖြင့် အပိုင်းတစ်ပိုင်းကို ပြင်တဲ့ အခါ
နောက်တစ်ပိုင်း ကပါ ပြင်ဖို့လိုလာတဲ့အခါ)
• You want to implement complex and/or configurable business rules and processes.
(ရှူပ်ထွေးတဲ့ စီးပွားရေးဆိုင်ရာ အတွက်အချက် တွေကို သီးသန့်ခွဲထုတ်ချင်တဲ့အခါ)

 Layered architecture style ကို အဓိကသုံးရတယ့် ရည်ရွယ်ချက်ကတော့

- သူ့ အလုပ်နဲ့သူ ရှင်းရှင်းလင်းလင်း ခွဲထားခြင်း(Separtion of Concern )ကြောင့်
- Strong Cohesion (သက်ဆိုင်ရာအစုမှာ အချင်းချင်း ချိတ်ဆက်မိဖို့)
- and Loose dependence (ဒါက cohesion ရဲ့အကျိုးဆက်ပါ ... ကိုယ့်အပိုင်းမှာ ကိုယ်ချိတ်ဆက်မိရင် တခြားအပိုင်းတွေကို တအားမှီခိုစရာမလိုတော့ဘူး)ဒါတွေကြောင့် ပြုပြင်ထိန်းသိမ်းရတာ အဆင်ပြေ လွယ်ကူပါတယ်။

Layer အကြောင်းမပြောခင် ကျနော်တို့ဟာ Tier နဲ့ Layer အကြောင်း ခွဲခြားပြီး သိရပါမယ်။

1. Tier vs. Layer

1.1 Tier: (Physically- အများအားဖြင့် နေရာ ၊အကောင်အထည်ပါကွဲခြင်း)
Tier indicates a physical separation of components,
 which may mean different assemblies such as DLL, EXE, etc. on the same server or multiple servers.
တကယ့် application တစ်ခုတည်ဆောက်တဲ့ အခါ Database ကို Tier တစ်ခုအနေနဲ့ ခွဲထုတ်ပစ်နိုင်ပါတယ်။

1.2 Layer: (Logically- ရည်ရွယ်ချက်တစ်ခုအတွက် လုပ်ဆောင်ချက်များသာ ခွဲထားခြင်း)
Layer indicates logical separation of components, such as having distinct namespaces and classes
for the Database Access Layer, Business Logic Layer and User Interface Layer.

Although both layers and tiers use the same set of names (presentation, business, service, and data),
remember that only tiers imply a physical separation. It is quite common to locate more than
one layer on the same physical machine.

layer ဆိုတာ logicအားဖြင့် (တနည်းပြော၇၇င်  module အားဖြင့်) ခွဲခြားထားခြင်းဖြစ်ပြီး
tier ဆိုတာကတော့ physical အားဖြင့်( database, server,client အားဖြင့်) ခွဲခြားထားခြင်း ဖြစ်ပါတယ်။

Tier မှာ presentation tier,business tier,data tier ဆိုပြီး ၃ မျိုးရှိပါတယ်။
Tier မှာ 2 tier,3 tier,N tier ဆိုပြိး အဆင့်ဆင့် ခွဲလို့ရ့ပါတယ်။
2 tier ဆိုတာ ကတော့ ကျနော်တို့ တွေ့နေကြ server/client သဘောပါပဲ။
client tier က persentation tier ဖြစ်ပြီးတော့ server ကတော့ business and database tier ပါ။
3 tier ကတော့ client ကအရင်အတိုင်းဖြစ်ပြီး server ကိုတော့ business tier သက်သက်
database အတွက် သက်သက်  ၂မျိုးခွဲချလိုက်တာပါပဲ။server ကစက်၂လုံးအနေနဲ့ပေါ့။

Layer မှာလည်း presentation layer,business logic layer,data access layer ဆိုပြီး  ၃မျိုးရှိပါတယ်။

Presentation layer မှာ user ရဲ့ input တွေကို လက်ခံမယ်။မှန်မမှန် စစ်မယ်။
output ပြန်ပြမယ်။ အဲဒီအပိုင်းတွေနဲ့ ပတ်သတ်တဲ့ coding တွေကိုပဲရေးပါတယ်။
ကျန်တဲ့  domain အရ တွက်တာချက်တာတွေ၊ database အပိုင်းနဲ့ပတ်သတ်တာတွေ
မရေးပါဘူး။Persentation Layer မှာ စဉ်းစားရမယ့် အချက်တွေကတော့
Caching,Composition,Exception Management,Input,Layout,Navigation,Request Processing,User Experience,Input Validation,etc...
အစရှိသည်တို့ပဲ ဖြစ်ပါတယ်။
Persentation layer ဟာ Business layer နဲ့ ဆက်သွယ်ပြီး အလုပ်လုပ်ပါတယ်။

Business Layer မှာတော့ ကိုယ့် application domain နဲ့ပတ်သတ်တဲ့
အတွက်အချက်တွေ၊ rules တွေ၊ formula တွေ,သက်ဆိုင်ရာ     D layer တွေကို သွားပြီး
လိုအပ်သလို ပေါင်းစပ် ပေးရပါတယ်။ အစရှိတဲ့ business နဲ့
ပတ်သတ်တာတွေအပြင် Data layer နဲ့ Presentation layer ကြားခံ အနေနဲ့
ဆောင်ရွက်ပေးပါတယ်။Business  layer မှာ စဥင်္းစားရမယ့် အချက်တွေကတော့
Authentication,Authorization,Business Components,Business Entities,Caching,Coupling and Cohesion,
Concurrency and Transactions,Data Access,Exception Management,Logging and Instrumentation,
Service Interface,Business Validation,Workflows,etc...
အစရှိသည်တို့ပဲဖြစ်ပါတယ်။


DataAcess Layer ကတော့ Business  layer ကပေးလိုက်တဲ့ parameter တွေအပေါ်မှာ
မူတည်ပြိး database နဲ့ connection ယူတယ်။ insert,update,select command တွေရေးတယ်။
လိုအပ်တဲ့ stored procedure တွေခေါ်တယ်။အစရှိတယ့် DB နဲ့ပတ်သတ်ပြီး အလုပ်လုပ်ရတဲ့
အပိုင်းကို ဒီ layer ကပဲ တာဝန်ယူလုပ်ပေးရပါမယ်။
Business layer မှာ စဥင်္းစားရမယ့် အချက်တွေကတော့
BLOB,Batching,Connections,Data Format,Exception Management,Queries,
Stored Procedures,Transactions,Validation,XML,etc...
အစရှိတာတွေနဲ့ ပတ်သတ်တာတွေ လုပ်ရပါမယ်။
ဒီအပိုင်းဟာ Database Tier သာ ခွဲထုတ်ထားခဲ့ရင် အဲဒီအပိုင်းနဲ့ ပေါင်းစဉ်းစားရမယ့်အပိုင်းဖြစ်ပါတယ်။
Client တွေအားလုံးမျှအလုပ်လုပ်ချင်ရင်တော့ ရိုးရိုး Query နဲ့ပဲ DataAccess Layer က တာဝန်ယူလုပ်ဆောင်နိုင်ပါလိမ့်မယ်။


layer archi သုံးရတယ့် အကျိုးကျေးဇူးကတော့ ပြုပြင်ထိန်းသိမ်းရတာလွယ်ကူတယ်။
Coding ရှင်းလင်းတယ်။Windows ကနေ Web ပြောင်းချင်လည်း
Presentation Layer တခုထဲကို ပြောင်းလိုက်ရုံပါပဲ။

Layer Architecture အတွက်ကတော့ အပေါ်ကအချက်အလက် တွေကလုံလောက်ပေမယ့် application တစ်ခုစာ ပြီးသွားအောင် Database Tier ကို ဆက်ပြောကြည့်ပါမယ်။

ဒီ Database Tier ကတော့ Data Access ကခေါ်မယ့် Table Valued Functions တွေ, View Table တွေ ၊ CRUD Operation အတွက် StoreProcedure တွေ စတာတွေကို ဒီ Tier မှာထားရပါမယ်။ တစ်ခါတစ်ရံမှာ Database Tier မှာ Business Rules တွေ လည်း ထည့်ထားနိုင်ပါတယ်။
တစ်ချို့ Report တွေကို လည်း ဒီ Tier မှာတင် ပြီးအောင် ထုတ်ယူလို့ရပါမယ်။
Heavy Server တွေသုံးမယ် ဆိုရင် ဒီနည်း ဟာ client တွေ ရဲ့ Performance မကောင်းပေမယ့် Server တစ်လုံးကောင်းကောင်းနဲ့တင် အလုပ်အများကြီး လုပ်နိုင်ပါလိမ့်မယ်။

နမူနာ source code ကြည့်ချင်ရင်တော့
Source:http://www.codeproject.com/KB/cs/Three_Layer_Architecture.aspx
မှာ ကြည့်နိုင်ပါတယ်။
အသေးစိတ်ဖတ်ချင်ရင် ဒီမှာ ယူနိုင်ပါတယ်။
 

Best Practices For Software Developement Seminor

November 17, 2009
November 13 ရက်နေ့က MCPA ကလုပ်ပေးတဲ့ Best Practices For Software Developement Seminor မှာ Speaker ပြောသွားတဲ့
အချက်လေးတစ်ခုပါ။မလိုအပ်ပဲ resources တွေကို မသုံးဖို့နဲ့ သုံးခဲ့ရင်လည်း တတ်နိုင်သမျှ အချိန်နည်းအောင် coding မှာဂရုစိုက်စဉ်းစ...
Continue reading...
 

Project Management

October 12, 2009
MCPA က october 11 ရက်နေ့ကလုပ်ခဲ့တဲ့ Project Managemaent Seminor က Software Project တွေ fail ဖြစ်ရတယ့်
အချက်လေးတွေပါ။

4 major issues of IT project failed

1.Bad Communication between relevant parties
(Project မှာအတူတူအလုပ်လုပ်ကြသူတွေ တစ်ယောက်နဲ့တစ်ယောက်
မရင်းနှီးတာ၊မတည့်တာ၊ပြို...
Continue reading...
 
Make a Free Website with Yola.