Web


software တစ်ခု develop လုပ်တဲ့အခါ Time,Quality,Cost
issue ၃ခုကို ကြည့်ရပါတယ်။Project ကြီးရင် Time ကြာမယ်။
Time များတာနဲ့အမျှ cost တက်မယ်။Quality ကလည်း
developer quality ကောင်းမှ software quality ကောင်းမယ်။
developer တွေကလည်း တော်ရုံတတ်ရုံနဲ့မရသေးဘူး။Professional ethic
လည်းရှိမှ။Team spirit လည်းရှိဦးမှ။နောက်ပြီး ဘာကိုဘယ်လိုရှာရမယ်ဆိုတဲ့
googling လည်းလုပ်တတ်ဦးမှ။developer တိုင်းကသာ သူတို့ အတွေ့အကြုံတွေကို
မျှဝေပေးနိုင်မယ်ဆိုရင် မြန်မာပြည်က developer တွေအရည်အသွေးတွေတိုးတက်လာမှာပါပဲ။
ပြသနာတွေကိုလည်း မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင် လူသစ်တန်းတွေအတွက်လည်း
လွယ်လွယ်ကူကူဖြစ်သွားတာပေါ့။

ဦးဝင်းထိန်ဝင်း  seminor တစ်ခုမှာပြောသွားသလို software develop လုပ်တယ်ဆိုတာ
coding တွေထိုင်ရေးနေတာမဟုတ်ပါဘူး။customer/user တွေရဲ့ပြသနာကိုအဖြေရှာပေးရတာပါ။
solution develop လုပ်ရတာပါ။ကိုယ့်ကိုကိုယ်အဲဒီလိုမှတ်ယူထားဖို့လိုပါတယ်။နောက်ပြီး
functional requirement တွေကိုပဲမစဉ်းစားပဲ non-functional တွေပါစဉ်းစားတတ်ဖို့လိုပါတယ်။

ကျနော် Projects တွေရေးတုန်းက တွေ့ကြုံရသမျှရော၊ebook တွေဖတ်ပြီး သိသမျှရော
တင်ပေးထားပါတယ်။
Make a Free Website with Yola.